A d v e r t i s e m e n t With Us

ခံယူချက်၊ ယုံကြည်ချက်တခုကြောင့် ဖိနှိပ်ခွဲခြားခံခဲ့ရသည့် လက်ဝှေ့ချန်ပီယံတဦးအကြာင်း ရုပ်ရှင် – Tiger (နမူနာ)

ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ Sports Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ကားတကားဖြစ်တဲ့ Tiger ကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ သြစတြေးလျ ရုပ်ရှင်ဒါရိုက်တာ Alister Grierson က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ဘာသာရေးခံယူချက်၊ ယုံကြည်မှုတခုကြောင့် ဖိနှိပ်ခွဲခြားခံခဲ့ရတဲ့ ကနေဒါနိုင်ငံက ဖလိုင်းဝိတ်တန်း လက်ဝှေ့ချန်ပီယံ Pardeep Singh Nagra အကြောင်း ရိုက်ကူး ပုံဖော်ပေးထားတာပါ။ သူဟာ ဆစ်ခ်ဘာသာဝင်တယောက် ဖြစ်ပါတယ်။ ဘာသာရေးယုံကြည်မှုအရ သူ့ရဲ့မျက်နှာပေါ်မှာ ထားထားတဲ့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရှည်တွေကို ရိတ်သင်ဖယ်ရှားရမယ်လို့ Boxing Commission က ပြောလာချိန်မှာ သူက ငြင်းပယ်လိုက်ပြီးနောက်မှာတော့ ဖိနှိပ်မှု၊ မမျှတမှု၊ ပြိုင်ဘက်တွေရဲ့ မနာလိုဝန်တိုမှုနဲ့၊ သက်ဆိုင်ရာက ဖိအားတွေကို သူဟာ ဘယ်လိုတွန်းဖယ်ပြီး ပြန်လည် ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့သလဲ ဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ကောင် လက်ဝှေ့ချန်ပီယံ Pardeep Singh Nagra နေရာမှာ ဘောလိဝုဒ်သရုပ်ဆောင်မင်းသား Prem Singh က ခေါင်းဆောင်ပါဝင်ထားပြီး သူ့ရဲ့ လက်ဝှေ့နည်းပြ နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Mickey Rourke က သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သရုပ်ဆောင်မင်းသမီး Janet Parrish ကတော့ လက်ဝှေ့ချန်ပီယံ Pardeep Singh Nagra ရဲ့ချစ်သူ ရှေ့နေမလေး တယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်း ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီကားကို San Diego International Film Festival မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ပြသခဲ့ပြီး Best Feature Film ဆုကို ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up