A d v e r t i s e m e n t With Us

ဘာစီလိုနာ ကစားသမား ဒမ္ဘီလီ အသင်းမှ ထွက်ခွင့်ပြုရန် တောင်းဆိုထား

ဓာတ်ပုံ - Getty Images
ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ  အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ပြင်သစ်လူငယ်ကစားသမား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့နှစ်ကမှ ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ အက်သလက်တီကိုနဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုးတဂိုး သွင်းပေးခဲ့ပေမယ့် အဲဒီမတိုင်ခင်က ဒဏ်ရာပြဿနာတွေနဲ့ အသင်းမှာ နေရာရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ Goal အားကစားဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ဒမ်ဘီလီကို ထွက်ခွာခွင့်ပြုမယ်ဆိုရင် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ပြန်လည်ခေါ်ယူဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဒမ်ဘီလီကို ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်အသင်းတို့က ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up