မန်ယူ၏ အကောင်းဆုံး ၁၁ ယောက်ကို မော်ရင်ဟို မသိသေးဟု ပေါလ်အင့်စ် ဝေဖန်

မော်ရင်ဟိုအနေနဲ့ သုံးနှစ်ကြာတဲ့အထိတောင် သူ့ရဲ့ အကောင်းဆုံး ၁၁ ယောက်ကို မသိနိုင်သေးဘူးလို့ မန်ယူကစားသမားဟောင်း ပေါလ်အင့်စ်က ဝေဖန်လိုက်ပါတယ်။ မန်ယူအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အိမ်ကွင်းမှာ သရေကျအပြီး ဝေဖန်လိုက်တာပါ။ နည်းပြတဦးအနေနဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်း တည်ငြိမ်ဖို့လိုပြီး ၅ ပွဲလောက် ကစားစေမယ်ဆိုရင် သူတို့ရဲ့ အကောင်းဆုံးပုံစံတွေ ရလာလိမ့်မယ်လို့ ပေါလ်အင့်စ်က ဆိုပါတယ်။ ဒါ့အပြင် ဆန်းချက်ဇ်ကို လုပ်ခအများကြီးပေးထားပြီး အရန်ခုံမှာ ထားနေတာ၊ အမြင့်ဘောတွေ ကစားနေတာနဲ့ ဂိုးလိုအပ်တဲ့အချိန်မှာ ဖယ်လိုင်နီကို လူစားလဲတာနဲ့ ပတ်သက်ပြီးလည်း ပေါလ်အင့်စ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပဲလေ့စ်နဲ့ပွဲမှာ သရေတမှတ်ပဲ ရခဲ့တာကြောင့် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၄ မှတ်ကွာသွားသလို အဆင့်လေးက ချဲလ်ဆီးနဲ့လည်း ၇ မှတ်အထိ ကွာဟသွားတာ ဖြစ်ပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်အင့်စ်ဟာ ၁၉၈၉ ကနေ ၁၉၉၅ အထိ မန်ယူအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up