အာရှခြေစစ်ပွဲ ယှဉ်ပြိုင်ရန် မြန်မာဖူဆယ်အသင်း ထိုင်းကို နိုဝင်ဘာ ၂၇ သွားမည်

မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းဟာ အာရှခြေစစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်နေ့ သွားရောက်မှာ ဖြစ်ပါတယ်။ ၂၀၁၉ အာရှယူ-၂၀ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၅ ရက် စတင်မှာ ဖြစ်ပေမယ့် မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းအနေနဲ့ လေ့ကျင့်ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားတာကြောင့် တပတ်လောက် ကြိုတင်သွားရောက်မှာလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းဟာ နိုင်ဝင်ဘာ ၂၉၊ ၃၀ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေမှာ ထိုင်းဖူဆယ် ကလပ်တွေနဲ့ ခြေစမ်းဖို့ စီစဉ်ထားပါတယ်။ မြန်မာဖူဆယ်အသင်းဟာ အာဆီယံဇုန်မှာ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅၊ ၆၊ ၇၊ ၈ ရက်တွေမှာ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား အသင်းတွေနဲ့ ခြေစစ်ပွဲ ကစားရမှာဖြစ်ပြီး အုပ်စု ပထမ၊ ဒုတိယနဲ့ တတိယ အသင်းတို့ ခြေစစ်ပွဲအောင်မြင်မှာပါ။ မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းဟာ ခြေစစ်ပွဲမတိုင်မီ ထိုင်းလေ့ကျင့်ခြေစမ်း ခရီးအတွက် ကစားသမား ၁၈ ဦးကို ခေါ်ဆောင်ခဲ့ပြီး အပြီးသတ် ကစားသမား ၁၄ ဦးကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up