A d v e r t i s e m e n t With Us

ငလျင် ထောက်လှမ်းရန် လွှတ်တင်ထားသည့် အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်

အင်္ဂါဂြိုဟ်ပေါ်က ငလျင်တွေကို ထောက်လှမ်းဖို့ နာဆာက လွှတ်လိုက်တဲ့ ပထမဆုံး စက်ရုပ် အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ် နိုဝင်ဘာ ၂၆ ရက်မှာ ဆင်းသက်မှာပါ။ မိုင် ၃၀၁ သန်းကိုရောက်ဖို့ အာကာသထဲမှာ ၆ လကြာ ခရီးနှင်ခဲ့ရပါတယ်။ Mars InSight လို့ နာမည်ပေးထားတဲ့ အာကာသယာဉ်ဟာ  အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်ကို ညနေ ၃ နာရီမှာ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။ NASAရဲ့ Jet Propulsion Laboratory (JPL) က  လုပ်ငန်းစဉ် ထိန်းချုပ်ရေးအဖွဲ့ကလည်း အာကာသယာဉ်ရဲ့ ဆင်းမယ့်လမ်းကြောင်းအတွက် နောက်ဆုံးအဆင့် ပြင်ဆင်ခဲ့ပါတယ်။ အင်္ဂါဂြိုဟ်အတွင်းပိုင်းကို လေ့လာမယ့် အာကာသယာဉ် အင်းဆိုက်ထ်ဟာ ဂြိုဟ်ပေါ်မှာ ၂၄ လကြာ အချိန်ယူနေမှာပါ။ ဒါဟာ အင်္ဂါဂြိုဟ်ပေါ်က အချိန်တနှစ်လည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ရှားမှုတွေ မြေအောက် တူးဖော်မှုတွေကို လေ့လာမယ်လို့ နာဆာက သတင်းထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up