A d v e r t i s e m e n t With Us

ဘန်ကောက်တွင် ရေထဲထိုးကျသည့် ကားတစီးထဲမှ စိတ်ကြွဆေးပြား ၁ သန်းခွဲမိ

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်းခယ်နယ်မြေထဲမှာ ဒီကနေ့မနက်စောစောက မှန်လုံကားတစီး ရေထဲထိုးကျသွားပြီး ကားမောင်းသူ ရေကူးထွက်ပြေးသွားကာ  အဆိုပါကားထဲကနေ စိတ်ကြွဆေးပြား ၁ သန်းခွဲ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီကနေ့မနက် ၂ နာရီလောက်က  ဘန်းခဲနယ်မြေ ဖစ်ကဆဲမ်လမ်းမကြီးပေါ်မှာ တာဝန်ရှိရဲ တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်စစ်ဆေးစဉ်  မီးပွိုင့်တခုမှာ ကားပြူတင်းပေါက် ခန်းစီးလိုက်ကာ အကုန်ချထားတဲ့ ငွေရောင်မှန်လုံကား တစီးတွေ့ရှိရကြောင်း၊ အဆိုပါကားမှာ ပုံမှန်အခြေအနေ မဟုတ်တဲ့အတွက် နောက်ယောင်ခံပြီး စစ်ဆေးဖို့ တာဝန်ရှိရဲတပ်ဖွဲ့တွေကို အဆင့်ဆင့် အကြောင်းကြားခဲ့တယ်လို့  အမှတ် ၁၉၁ အရေးပေါ်ကူညီရေးရဲတပ်ဖွဲ့ ရဲမှူးကြီး ဆုမ်ဘွန်း ထိမ်းခေါဝ်က ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဖုတ်ထမွန်းထွန်း အမှတ် ၂ လမ်းမကြီးရောက်တော့ ရဲတွေ နောက်ယောင်ခံလိုက်လာ မှန်းသိတဲ့ အဆိုပါမှန်လုံကားဟာ လမ်းသွယ် ၇ ထဲဝင်သွားကြောင်း၊ အဆိုပါလမ်းဟာ အပိတ်လမ်းဖြစ်ပြီး ရှေ့မှာရေကန်ဘဲရှိလို့ ကားမောင်းသူက ရေထဲကို မောင်းချပြီး ရေကူးခတ်ကာ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ရေထဲကျသွားတဲ့ကားကို စစ်ဆေးရာမှာတော့ ကားပေါ်မှာ မြွေရေခွံအိတ်ပေါင်း ၇ လုံး တွေ့ပြီး၊ အဲဒီထဲကနေ စိတ်ကြွဆေးပြားပေါင်း ၁ သန်း ၅ သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း၊ လွတ်မြောက်သွားတဲ့ ကားသမားကို ဖမ်းဆီးရမိဖို့ အဆိုပါရပ်ကွက်ထဲက ပြည်သူတွေ ၀ိုင်းဝန်း ကူညီသတင်းပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up