ဘုန်းမောက်နှင့်ပွဲ အိုးဇေးလ်ကို အသုံးမပြုခဲ့မှု အာဆင်နယ်နည်းပြ ရှင်းလင်း

669
ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲကို ကွင်းလယ်ကစားသမား အိုဇေးလ်ကို အသုံးမပြုခဲ့တာနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အမ်မရီက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အိုဇေးလ်ကို အသုံးမပြုခဲ့တာဟာ ပြိုင်ဘက်အသင်းရဲ့ အခြေအနေကြောင့်ဖြစ်ပြီး ဘုန်းမောက်နဲ့ပွဲမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပြင်းပြမူတွေ လိုအပ်တာကြောင့်ဖြစ်တယ်လို့ နည်းပြ အူနိုင်းအမ်မရီကပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။
အာဆင်နယ် အသင်းဟာ ရှေ့လာမယ့်ပွဲစဉ်တွေမှာ စပါး၊ မန်ယူအသင်းတို့လို ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရမှာဖြစ်တာကြောင့် အိုဇေးလ်ကို အနားပေးခဲ့တာလို့လည်း အမ်မရီက ဆိုပါတယ်။
စကိုင်းစပေါ့ရဲ့ ဘောလုံးကျွမ်းကျင်သူဖြစ်တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း စမစ်ကတော့ ၄-၃-၃ ကစားကွက်မှာ အိုးဇေးလ်အတွက် နေရာရဖို့ ခက်ခဲတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အိုဇေးလ်ဟာ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁၀ ပွဲအထိ ပွဲထွက်ကစားထားသူဖြစ်ပါတယ်။