ပြည်သူ့စစ်ခေါင်းဆောင် အဖမ်းခံရမှု အာဖဂန်နစ္စတန်တွင် လူရာချီ ဆန္ဒပြ

People carry placards as they attend the Queer Pride March, an event promoting gay, lesbian, bisexual and transgender rights, in New Delhi, India, November 25, 2018. REUTERS/Anushree Fadnavis
519
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးနဲ့ ဘမ်မြန် ခရိုင်တွေက ရှီးယိုက်မွတ်စလင်တွေ နေတဲ့ ဒေသမှာ ရာနဲ့ချီတဲ့ လူတွေ နိုဝင်ဘာ ၂၅ ရက်က ဆန္ဒပြပါတယ်။
ဟာဇာရာ ပြည်သူ့စစ်ခေါင်းဆောင်တယောက် အဖမ်းခံရတာကို မကျေနပ်လို့ ဆန့်ကျင် ဆန္ဒပြတာပါ။
"Commander Sword" လို့ သိကြတဲ့ ပြည်သူ့စစ်ခေါင်းဆောင် အလီပါကို ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စွပ်စွဲပြီး ကဘူးမြို့ အနောက်ပိုင်း ဟာဇာရာ ဒေသထဲမှာ ဖမ်းခဲ့တာလို့ အကြီးတန်း လုံခြုံရေးအရာရှိတယောက်က ပြောပါတယ်။
ဆန္ဒပြပွဲမှာ ရဲ ၂၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကဘူး ရဲပြောခွင့်ရ ဘတ်စီယာ မူဂျာဟစ်က ပြောပါတယ်။
အလီပါကို ထောက်ခံသူတွေက သေနတ်နဲ့ ပစ်လို့ လူ ၃ ဦး ကျည်ထိမှန်ခဲ့ပါတယ်။ ဆန္ဒပြသူ တချို့လည်း ဒဏ်ရာရတယ်လို့ ဆန္ဒပြပွဲမှာပါခဲ့တဲ့ လူတွေဆီက အတည်မပြုနိုင်တဲ့ အစီရင်ခံစာတွေက ဆိုပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံအတွင်းက ပဋိပက္ခတွေကြောင့် တိုင်းရင်းသားလူမျိုးစုအားလုံးက လူထောင်ချီ နှစ်စဉ် သေဆုံးပါတယ်။