A d v e r t i s e m e n t With Us

ရွှေ့ပြောင်းနေထိုင်းသူများ ခိုလှုံခွင့်မရမချင်း မက္ကဆီကိုမြောက်ပိုင်း နယ်စပ်တွင် ဆက်နေမည်

ရာနဲ့ချီတဲ့ အလယ်အမေရိက ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းနယ်စပ်မှာ စတည်းချနေပြီး အမေရိကန်နိုင်ငံဆီက ခိုလှုံခွင့် မရမချင်း မက္ကဆီကို အမေရိကန်နယ်စပ်မှာ ဆက်နေဖို့ ကတိပြုကြပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယယ်ဂိုမြို့နဲ့ တဖက်ခြမ်းက ချာပါရယ် နယ်စပ်စခန်းကို ရွှေ့ပြောင်းနေထိုင်သူတွေ ရောက်လာတာပါ။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လမ်းတွေပေါ် အိပ်ရင်း လာဝေတဲ့ စားနပ်ရိက္ခာတွေကို မှီခိုနေထိုင်ကြပါတယ်။ နယ်စပ်မှာ လူသေနိုင်လောက်တဲ့ အင်အားသုံးဖို့ အခွင့်အာဏာ သုံးထားတယ်၊ အမေရိကန် အစိုးရဟာ နယ်စပ်တလျှောက်လုံးကို ပိတ်ပစ်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြောထားပါတယ်။ အလယ်အမေရိက တိုက်သားတွေ စုရုံးနေထိုင်ရာ လူသွားစင်္ကြန်မှာ တင်းမာမှု မြင့်နေတာပါ။ မက္ကဆီကို ရဲတွေနဲ့ စစ်သားတွေက စောင့်ကြပ်နေပါတယ်။ တီဟွာနာမြို့က အာဏာပိုင်တွေကတော့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ခိုလှုံခွင့်ရရေး အသနားခံဖို့ အမေရိကန်အာဏာပိုင်တွေဆီက ရက်ချိန်းရနိုင်ရေး အချိန် ၆ လထိ စောင့်ရနိုင်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up