A d v e r t i s e m e n t With Us

ဆူဇူကီးဖလားတွင် ထိုင်းက စင်ကာပူကို ၃ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ဆူဇူကီးဖလား အုပ်စု (ဘီ) နောက်ဆုံးပွဲစဉ်မှာ ထိုင်းက စင်ကာပူကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘန်ကောက်မှာ ယှဉ်ပြိုင်တဲ့ ဒီပွဲစဉ်ကို အိမ်ရှင် ထိုင်းပရိသတ်လောက် ၃ သောင်းလောက် လာရောက် အားပေးခဲ့ပါတယ်။ ထိုင်းအတွက် ဦးဆောင်ဂိုးကို ၁၂ မိနစ်လောက်မှာ တဖက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဒုတိယဂိုးကို ၂၃ မိနစ်မှာ စူပါချိုင်းက သွင်းယူပါတယ်။ ဒီပွဲမှာ စင်ကာပူအသင်း ကွင်းလယ်မှာ ဘောလုံးကိုင်ပြီး ကစားနိုင်ပေမယ့် ထိုင်းက ဂိုးပေါက် ကန်သွင်းခွင့်ပိုရခဲ့ပါတယ်။ ထိုင်းအတွက် တတိယဂိုးကို ၈၉ မိနစ်မှာ အက်ဒီဆက်က သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ထိုင်းက အုပ်စု (ဘီ) မှာ ၁၀ မှတ်နဲ့ အုပ်စုပထမရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အဲဒီ အုပ်စုမှာပဲ အင်ဒိုနီရှားနဲ့ ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ရာမှာ ဂိုးမရှိ သရေကျသွားပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်က ရမှတ် ၈ မှတ်နဲ့ အုပ်စုဒုတိယရပြီး ဆီမီးကို တက်ရောက်သွားပါတယ်။ ဆီမီးဖိုင်နယ်မှာ မလေးရှားနဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up