A d v e r t i s e m e n t With Us

ထိုင်းတွင် မင်္ဂလာစုံတွဲ ၃၀၀ ခန့် အပြေးပြိုင်ပွဲ ကျင်းပ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ နိုဝင်ဘာ ၂၄ ရက်က စုံတွဲ ၃၀၀ လောက် စုရုံးခဲ့ကြပါတယ်။ ထိုင်းဘတ်ငွေ ၂ သန်းတန် ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့ ဂျပန် ဆပ်ပိုရိုနဲ့ မော်လ်ဒိုက်ဗ် နိုင်ငံတွေဆီ ပျားရည်ဆမ်း ခရီးစဉ်အတွက် အပြည့်အဝ စီစဉ်ပံ့ပိုးမယ့် ဆုကိုရဖို့ စုံတွဲတွေ အပြေးပြိုင်ခဲ့ကြတာပါ။ သတို့သမီးလောင်းတွေက သတို့သမီးဝတ်စုံကိုဝတ်ပြီး ကုန်းတက်ကုန်းဆင်းပေါတဲ့ အဝေးပြေးလမ်းပေါ်က ပထမ ၂ ကီလိုမီတာ ခရီးကို ပြေးရပါတယ်။ ပထမစည်းမှာ စောင့်နေတဲ့ သတို့သားလောင်းနဲ့ တွေ့အပြီး သတို့သားလောင်းက သတို့သမီးလောင်းကို ထမ်းပြီး ဆက်ပြေးရပါတယ်။ ပထမဆုံး ပန်းဝင်တဲ့ စုံတွဲက ဆုရမှာပါ။ စိုင်စွိုင် စုန်ပရာဆတ်နဲ့ ဝပ်ဆန်ထပ်နာမို တို့ စုံတွဲက ပန်းတိုင်ကို ၂၇.၄၃ မိနစ်မှာ ပထမဆုံးရောက်လာပြီး ပန်းဝင်ခဲ့ပါတယ်။ သူတို့ဟာ အသက်လုသလို ပြေးခဲ့ကြတယ်လို့ ပြောပါတယ်။ တခြား စုံတွဲတွေကတော့ နောက်နှစ်တွေမှာ ကံကောင်းနိုင်ကြမှာပါ။

A d v e r t i s e m e n t With Us

More News
Up