ရန်ကုန်ရောက် ဦးညိုအုန်းမြင့်နှင့် မေးမြန်းချက်
ရွှေအောင်
·
August 31, 2012
ပြည်ပရောက် အတိုက်အခံ အင်အားစုတွေထဲက ထင်ရှားတဲ့ ခေါင်းဆောင်တချို့ ဒီနေ့လယ်မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရောက်ရှိခဲ့ကြပါတယ်။
သူတို့တွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ဒေါက်တာ နိုင်အောင်၊ မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့က ဒေါက်တာသောင်းထွန်း၊ အန်အယ်လ်ဒီ(အယ်လ်အေ) နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်တို့ ဖြစ်ပါတယ်။
ဦးညိုအုန်းမြင့်ဟာ လက်ရှိမှာ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါတယ်။ ရန်ကုန်ရောက် ကိုညိုအုန်းမြင့်ကို သူတို့အဖွဲရဲ့ ခရီးနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားပါတယ်။