A d v e r t i s e m e n t With Us

DPP ပါတီဥက္ကဋ္ဌ ရာထူးမှ ထိုင်ဝမ်သမ္မတ နုတ်ထွက်

Taiwan President Tsai Ing-wen casts her vote for the local elections in New Taipei City, Taiwan, November 24, 2018. Chang Haoan/Pool/via REUTERS
ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ဟာ လက်ရှိအာဏာရ လွတ်လပ်ရေးလိုလားတဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ DPP ရဲ့ ဥက္ကဋ္ဌ ရာထူးကနေ နိုဝင်ဘာ ၂၄ ရက်မှာ နုတ်ထွက်လိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲတွေမှာ အရေးအကြီးဆုံး နေရာ၂ ခုမှာ မဲရှုံးအပြီး ခုလို နုတ်ထွက်လိုက်တာပါ။ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲ မတိုင်မီ တနှစ်ကျော်ကျော်အလိုမှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို တရုတ်အစိုးရက နီးနီးကပ်ကပ် စောင့်ကြည့်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ သတင်းတုတွေသုံးပြီး ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းအောင်လုပ်ဖို့ ကြိုးစားနေခဲ့တယ်လို့ ရွေးကောက်ပွဲတွေ စကတည်းက သမ္မတချိုင်နဲ့ သူ့အစိုးရက ထပ်ခါတလဲ ပြောခဲ့ပါတယ်။ တရုတ်အစိုးရကတော့ စွဲချက်ကို ငြင်းပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ရဲ့ ဒုတိယ လူအများဆုံး မြို့ ထိုင်ချွန်းနဲ့ အဓိက ပြိုင်ဆိုင်မှုနယ်မြေ ကောင်းရှုံမြို့တို့မှာ မြို့တော်ဝန် ရွေးကောက်ပွဲကို မထိန်းချုပ်နိုင်ဘဲ DPP ပါတီက ရှုံးနိမ့်ခဲ့ပါတယ်။ ၂ မြို့လုံးမှာ တရုတ်အစိုးရနဲ့ ရင်းနှီးတဲ့ ကူမင်တန် အတိုက်အခံတွေက အနိုင်ရခဲ့တာပါ။ ကူမင်တန်တွေဟာ တချိန်က တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ၁၉၄၉ ပြည်တွင်းစစ်အပြီးမှာ ကွန်မြူနစ်တွေကို စစ်ရှုံးခဲ့လို့ ထိုင်ဝမ်ကျွန်းဆီ ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေပါ။ အဲဒီနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ချိုင်က ဝန်ကြီးချုပ် ဝီလျံလိုင်ရဲ့ ရာထူးက နုတ်ထွက်စာကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up