Home
မြန်မာသတင်း
ဘင်္ဂါလီများအား မောင်တောတောင်ပိုင်းတွင် နေရာမချထားပေးရေး ဆန္ဒပြ
DVB
·
November 25, 2018
ဘင်္ဂါလီတွေကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှု အပါအဝင် မောင်တောတောင်ပိုင်းမှာ ဘင်္ဂါလီတွေကို နေရာမချထားပေးဖို့ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့နဲ့ ဆန္ဒဖော်ထုတ်ရေးကော်မတီတွေက ဦးဆောင်ပြုလုပ် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြတာပါ။ ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမှာ ကျောက်နီမော်မှာ ဘင်္ဂါလီတွေကို ကမန်တုလုပ်ပြီး မှတ်ပုံတင် ထုတ်ပေးတဲ့ ကိစ္စအပါအဝင် မောင်တောတောင်ပိုင်း ခိုးဝင် ဘင်္ဂါလီတွေမထားရှိရေး၊ မောင်တော ဒေသမှာ တရားမဝင်ဘင်္ဂါလီ လူငယ်များအား ကျောင်းဆရာခန့်အပ်တဲ့ကိစ္စနဲ့၊ နယ်စပ်ဖြတ်ကျော် ဘဂါင်္လီတွေကို အစိုးရမှအမြန်ဆုံး စိစစ်ဖော်ထုတ်အရေးယူပေးရန် စတဲ့အချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျောက်နီမော်ကျေးရွာက ကမန်တိုင်းရင်းသား မဟုတ်တဲ့ ဘင်္ဂါလီ လူမျိုးတွေကို လဝကနေပြီးတော့ ကမန်တိုင်းရင်းသားအသိအမှတ်ပြု နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနေတာကို ကမန်တိုင်းရင်းသားတွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ မှားယွင်းစွာ နိုင်ငံသားကတ်ထုတ်ပေးမှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်ကြောင်းအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ မကြာသေးခင်က အတည်ပြုဆုံးဖြတ်ခဲ့ကြတာပါ။ အလားတူပဲ မောင်တောမြို့နယ်ဘက် ထွက်ပြေးသွားတဲ့ ဘဂါင်္လီတွေကို ပြန်လည်လက်ခံတဲ့ နေရာမှာ မောင်တောတောင်ပိုင်းမှာ ပြန်နေရာချထားမပေးဖို့ကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်အပြု ဆုံးဖြတ်ထားပြီး ရခိုင်ပြည်နယ် မြို့နယ်တွေမှာလည်း ကန့်ကွက်ဆန္ဒထုတ်ဖော် ထားကြပါတယ်။ ဒီကနေ့ ကန့်ကက်ဆန္ဒထုတ်ဖော်မှု ကြွေးကြော်သံတွေကတော့ ကမန်အတုဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှု -လက်မခံ၊ မောင်တောခရိုင်တွင် မူဆလင် လူငယ်များအား ကျောင်းဆရာ ခန့်အပ်မှုလက်မခံ၊ မောင်တော်တောင်ပိုင်းတွင် ဘင်္ဂါလားများအား မထားရှိရေး ထောက်ခံသည်၊ ခိုးဝင်ဘင်္ဂါလီများ သက်ဆိုင်ရာမှ အမြန်ဆုံးဖော်ထုတ်အရေးယူပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည်ဆန္ဒထုတ်ဖော်ကြပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024