လုပ်ခလစာတိုးမြှင့်ပေးရေး တူနီးရှားအစိုးရကို သပိတ်မှောက်ကြရန် UGTT သမဂ္ဂ ဆော်သြ

529
တူနီးရှားနိုင်ငံရဲ့ အားကောင်းတဲ့ UGTT သမဂ္ဂက လုပ်ခလစာ တောင်းဆိုချက်တွေအတွက် ပြည်လုံးကျွတ် သပိတ်မှောက်ရေး ဆော်သြလိုက်ပါတယ်။
လက်တွေ့ကျတဲ့ လစာပေးရေး သဘောတူညီချက်ရဖို့ ကြိုးစားမယ်လို့ အစိုးရက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောအပြီးမှာ ခုလို ဆော်သြလိုက်တာပါ။
တူနီးရှား နိုင်ငံတလွှား ပြည်သူပိုင် စီးပွားရေးကဏ္ဍက ဝန်ထမ်း ၆ သိန်းခွဲလောက် သပိတ်မှောက်နေပြီး ထောင်နဲ့ချီတဲ့ လူတွေက ဆန္ဒပြပွဲတွေမှာ လာရောက် ပူးပေါင်းပါတယ်။
တူနီးရှား စီးပွားရေးအတွက် ဘဏ္ဍာရေး ပံ့ပိုးမှုရပ်မယ်လို့ နိုင်ငံတကာ ငွေချေးသူတွေက ခြိမ်းခြောက်နေချိန်မှာ အစိုးရက လုပ်ခလစာ တိုးပေးဖို့ ငြင်းဆိုခဲ့တာပါ။
အစိုးရအပေါ် ဖိအားတွေ တိုးလာနေပြီး UGTT သမဂ္ဂ က ဇန်နဝါရီ ၁၇ မှာ ပြည်လုံးကျွတ် သပိတ်မှောက်ရေး အစီအစဉ်တွေကို အတည်ပြုလိုက်ပါတယ်။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ အမေရိကန်ဒေါ်လာ သန်း ၆၉၀ လောက် မရှိဘူးလို့ အစိုးရက ပြောထားပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဖိအားအောက်မှာ ဝန်ကြီးချုပ် ယူဆွတ်ဖ် ချာဟဒ်ဟာ ဘဏ္ဍာရေး လိုငွေပြမှု ကို GD Pရဲ့ ၄.၉ ရာခိုင်နှုန်းထိ လျှော့ချဖို့ ကြိုးစားနေပြီး မနှစ်ကတော့ ၆.၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။