Home
မြန်မာသတင်း
နိုင်ကျဉ်းတို့ရဲ့ နားခိုရာအဆောက်အဦ ပန္နက်ရိုက်ပွဲ ၀န်ကြီးချုပ် ၃ ဦး တက်ရောက်
DVB
·
November 25, 2018
နိုင်ငံရေးအကျဉ်းသားဟောင်းတွေတို့ရဲ့ နားခိုရာ အဆောက်အဦ ပန္နက်ရိုက်ပွဲကို ဒီနေ့မနက်က ရန်ကုန်တိုင်း တိုက်ကြီးမြို့မှာ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ၃ ယောက် တက်ရောက်ခဲ့ပါတယ်။ နေစရာမရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နေထိုင်နိုင်ဖို့အတွက် နိုင်၊ ကျဉ်းတို့၏နားခိုရာ အဆောက်အဦကို တိုက်ကြီးမြို့နယ်၊ အုန်းနှဲပင်ရွာမှာ ဒီမနက်က ပန္နက်ရိုက်ခဲ့ပါတယ်။ ဒီပွဲကို ဖြစ်မြောက်ရေး နာယကတွေထဲက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုတို့ တက်ရောက်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီနေရာမှာ နိုင်ကျဉ်းတွေရဲ့ နားခိုရာလေးတခုကို ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကူးဟာ ကောင်းမွန်တဲ့ စိတ်ကူးတခုဖြစ်ပါတယ်။ ဘဝအမောတွေ အများကြီးကြားထဲကနေ ဒီနေရာဟာ ဘဝအမောဖြေနိုင်လောက်တဲ့ အခြေအနေတခုကို ပေးနိုင်ပါတယ်” လို့ ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုက ခက်ခဲနေပြီး ဆက်ပြီး ရင်ဆိုင်ဖြေရှင်းရဦးမှာ ဖြစ်လို့ ရဲဘော်ရဲဘက်တွေ အားလုံးရဲ့ ယုံကြည်မှုနဲ့ ခိုင်မာတဲ့ လက်တွဲမှုတွေ လိုအပ်ဦးမယ်လို့လည်း ပြောပါတယ်။ ခရီးပန်းတိုင်ကို မရောက်သေးဘဲ ပန်းတိုင်ရောက်တဲ့ နေ့တနေ့မှာ ဒီနေရာမျိုးမှာ အားလုံး ဆုံဆည်းပြီး အတိတ်ကဖြတ်သန်းခဲ့တာတွေကို ရယ်မောစရာအဖြစ် ပြန်ပြောနိုင်မယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ နိုင်၊ ကျဉ်းတို့ရဲ့ နားခိုရာ ဖြစ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တချို့က ဦးဆောင် ကြိုးစားနေတာပါ။ ဓာတ်ပုံ - Phyo Min Thein FB
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024