၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပခွင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ ရရှိ

Japanese delegation with Japan's Economy, Trade and Industry Minister Hiroshige Seko, center left, Osaka Mayor Hirofumi Yoshimura, center back, and Osaka Gov. Ichiro Matsui, right, celebrate after winning the vote at the 164th General Assembly of the Bureau International des Expositions (BIE) in Paris, Friday, Nov. 23, 2018.Japan's Osaka will host the World Expo in 2025, beating out Russia, Azerbaijan for an event that attracts millions. (AP Photo/Christophe Ena)
၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပခွင့်ကို ဂျပန်နိုင်ငံ အိုဆာကာမြို့က ရရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့က ပဲရစ်မြို့မှာ နိုင်ငံတကာကုန်စည်ပြပွဲ ဗျူရိုအဖွဲ့ဝင်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမဲပေးရွေးချယ်မှုမှာ နောက်ဆုံးဆန်ကာတင် မြို့ ၃ မြို့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အိုဆာကာမြို့ဟာ ရုရှား ယေကတ်သရင်ဘာ့ဂ်မြို့နဲ့ အဇာဘိုင်ဂျန် ဘာကူမြို့တို့ကို အနိုင်ရပြီး ရွေးချယ်ခံခဲ့ရတာပါ။ အဲဒီရွေးချယ်ခံရမှုအပေါ်မှာလည်း ဂျပန်ကိုယ်စားလှယ်အဖွဲ့က အောင်ပွဲခံခဲ့ပါတယ်။ ကမ္ဘာ့ကုန်စည်ပြပွဲတွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျပြီး ပြင်ဆင်ချိန်ဟာ လည်း ၆ လအထိ ကြာမြင့်တယ်လို့ သိရပါတယ်။ ဒီပြပွဲတွေဟာ ကျင်းပရာမြို့တွေကို ပိုမို လူသိများစေပြီး ပြည်တွင်းပြည်ပလည်ပတ်သူတွေကို ဆွဲဆောင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up