ခန္တီးမြို့တွင် အင်အား ၄.၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
November 25, 2018
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရဲ့ မြောက်-အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၃၃)မိနစ်၊ (၄၆)စက္ကန့် အချိန်က ခန္တီးမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၆.၄၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။