စပါးက ချဲလ်ဆီးကို ၃-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

800
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အသင်းကြီး နှစ်သင်း တွေ့ဆုံတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးက ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
လန်ဒန်ဒါဘီပွဲစဉ်မှာ ချဲလ်ဆီးအသင်း ဒီရာသီရဲ့ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာလည်း ဖြစ်ပါတယ်။
အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။
စပါးအသင်းရဲ့ အနိုင်ဂိုးတွေကို ပထမပိုင်းမှာ ၂ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့တာပါ။ ပထမပိုင်း ၈ မိနစ်မှာ ဒယ်လီအလီ ၁ ဂိုး၊ ၁၆ မိနစ်မှာ ဟယ်ရီကိန်းက ၁ ဂိုးနဲ့ ဒုတိယပိုင်း ၅၄ မိနစ်မှာ ဆွန်ဟောင်မင်က ၁ ဂိုးသွင်းယူခဲ့တာပါ။
ချဲလ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး ၈၅ မိနစ်မှာ ဂျီရူးက သွင်းယူခဲ့တာပါ။
ပရီးမီးယာလိဂ် အမှတ်ပေးဇယားမှာတော့ စပါးက ၁၃ ပွဲကစား ရမှတ် ၃၀ နဲ့ အဆင့် ၃ ၊ ချဲလ်ဆီးက ၁၃ ပွဲကစား အဆင့် ၄ မှာ အသီးသီး ရပ်တည်နေပါတယ်။
အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးနဲ့ လီဗာပူးအသင်းတို့လည်း မနေ့က ပွဲစဉ်တွေမှာ ဂိုးပြတ်တွေနဲ့ အနိုင်ရရှိခဲ့ကြပါတယ်။