နာမည်ကြီး မန်ယူ ခရစ္စတယ်ပဲလေ့စ်နှင့် ဂိုးမရှိ သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုတက်အသင်းက အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျသွားပါတယ်။ မန်ယူအသင်းဟာ အခုပွဲမှာ ပေါဘာ၊ ဆန်းချက်၊ လူကာကူ စတဲ့ အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားတာပါ။ ဒီပွဲမှာ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့် ၅ ကြိမ်အထိရခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ရုန်းကန်နေရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ကန်သွင်းခွင့် ၂ ကြိမ် ရခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာ ဒီပွဲမှာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီပွဲသရေကျလို့ မန်ယူ နည်းပြမော်ရင်ဟိုက ကစားသမားတွေအနေနဲ့ ဦးနှောက်နဲ့ နှလုံးသားကို လုံလောက်အောင်သုံးပြီး မကစားနိုင်ခဲ့ဘူးလို့ ပြောဆိုသွားပါတယ်။ သရေတမှတ်ပဲရလို့ မန်ယူဟာ ၂၁ မှတ်နဲ့ အဆင့် ၇၊ ခရစ္စတယ်ပဲလေ့က ၉ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up