A d v e r t i s e m e n t With Us

မြန်မာက မလေးရှားကို ၃ ဂိုးပြတ် ရှုံးနိမ့် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (အေ)နောက်ဆုံးပွဲစဉ်မှာ မြန်မာက မလေးရှားကို ၃ ဂိုးပြတ်နဲ့ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ မြန်မာအသင်းဟာ အခုပွဲမှာ သရေတမှတ်ရရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။ ဒီပွဲရှုံးလို့ ဆူဇူကီးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက် တက်ရောက်နိုင်မယ့် အခွင့်အရးကို လက်လွှတ်ခဲ့ရပါတယ်။ မြန်မာအသင်းဟာ အိမ်ရှင်မလေးရှား ပရိသတ်တွေရဲ့ရှေ့မှာ ဖိအားတွေနဲ့ ကစားခဲ့ရပါတယ်။ ဒီပွဲမှာ မြန်မာနောက်တန်း အမှားအယွင်းများခဲ့သလို အဓိကကစားသမားတွေဖြစ်တဲ့ အောင်သူ၊ လှိုင်းဘိုဘိုတို့လည်း ပုံမှန်ခြေစွမ်းမပြနိုင်ပဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ မောင်မောင်စိုးနဲ့ အောင်သူတို့ ကန်သွင်းခွင့်တွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ မလေးအတွက် အနိုင်ဂိုးတွေကို ၂၆ မိနစ်မှာ ၁ ဂိုး၊ ပထမပိုင်းပြီးကာနီးမှာ ပင်နယ်တီကနေ ၁ ဂိုးသွင်းယူပါတယ်။ အပိတ်ဂိုးကို ပွဲပြီးကာနီမှာ သွင်းယူပြီး မလေးရှားက ၃ ဂိုးပြတ်နဲ့ နိုင်သွားတာပါ။ အုပ်စု(အေ)မှာပဲ ဗီယက်နမ်က ကမ္ဘောဒီးယားကို ၃ ဂိုးပြတ်နဲ့ အနိုင်ရလို့ အုပ်စုဗိုလ်အဖြစ်၊ မလေးရှားက အုပ်စုဒုတိယနဲ့ ဆီမီးကို တက်ရောက်နိုင်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up