သီရိလင်္ကာဝန်ကြီးချုပ်သစ်ကို ဆန့်ကျင့်သည့် အမတ်များ လွှတ်တော်အဓိကကော်မတီကို ထိန်းချုပ်

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2018-11-23 20:37:30Z | |
သီရိလင်္ကာဝန်ကြီးချုပ်သစ်ကို ဆန့်ကျင်တဲ့ အမတ်တွေဟာ  နိုဝင်ဘာလ ၂၃ ရက်နေ့က လွှတ်တော်ရဲ့ အဓိက ကော်မတီကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၀န်ကြီးချုပ် ရာဂျာပက်ဆာကို ထောက်ခံတဲ့ အမတ်တွေက လွှတ်တော် ဥက္ကဋ္ဌဟာ ဘက်လိုက်မှုရှိတယ်လို့ ဝေဖန်ပြီး ရာထူးကနေ နုတ်ထွက်သွားကြပြီးနောက်မှာ အတိုက်အခံအမတ်တွေ ကြီးစိုးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာ ရာထူးလက်ခံပြီးကတည်းကစလို့ ရာဂျာပက်ဆာဟာ အယုံအကြည်မရှိ အဆိုတင်သွင်းမှု နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ရာဂျာပက်ဆာရဲ့ အစိုးရဟာ တရားမ၀င်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၀န်ကြီးချုပ်ဟောင်း ၀ီခရီမန်ဆင်းရဲ့ သစ္စာခံတွေက အစိုးရဘက်ဂျက်ကို လျှော့ချတဲ့ အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆို မဲခွဲဆုံးဖြတ်မှုကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up