A d v e r t i s e m e n t With Us

ဗင်နီဇွဲလား ပြောင်းရွှေ့လာသူများကို ကူညီရန် ဒေါ်လာ သန်း ၅၅ဝ ခန့် လိုအပ်

ဗင်နီဇွဲလားပြောင်းရွှေ့လာသူတွေကို  ထောက်ပံ့ကူညီဖို့ ဒေါ်လာ သန်း ၅၅၀ လောက် လိုအပ်တယ်လို့ အီကွေဒေါ အစိုးရ တာဝန်ရှိသူ တဦးက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံအတွင်း စီးပွားရေး ကျပ်တည်းမှုကြောင့် ထွက်ပြေးလာကြသူတွေအတွက် ရန်ပုံငွေ ထောက်ပံ့နိုင်ဖို့ အီကွေဒေါဟာ  နိုင်ငံပေါင်းစုံအေဂျင်စီတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေဆီကနေ အလှူငွေ မျှော်လင့်နေပါတယ်။ အီကွေဒေါ လူသားရွှေ့ပြောင်းမှုရေးရာ ဒုဝန်ကြီးက “လူသားရွှေ့ပြောင်းမှု ကိစ္စကြောင့် အရေးပေါ် အခြေနေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအတွက် ကာလတိုနဲ့ ကာလလတ် အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ဒေါ်လာ သန်း ၅၅၀ လောက် လိုအပ်ပါတယ်။ အခုလိုအပ်ချက်ဟာ ကျန်းမာရေး၊ ပညာရေး၊ အိုးအိမ်နဲ့လူသား အရင်းနှီးအတွက် အနည်းဆုံးလိုအပ်တဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။ ၂၀၁၈  အတွင်း ဗင်နီဇွဲလား နိုင်ငံသား ၆ သိန်းလောက်ဟာ ကိုလံဘီယာနယ်စပ်ကို ဖြတ်ကျော်ပြီး အီကွေဒေါ နိုင်ငံကို ၀င်ရောက်ခဲ့ပါတယ်။ သူတို့ထဲက အများစုဟာ ပီရူးနိုင်ငံဆီ ဆက်လက်ထွက်ခွာနေတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up