တရုတ်နိုင်ငံက ကမ္ဘာ့အရပ်အရှည်ဆုံး မိန်းကလေး

1.2K
အရပ် ၆ ပေ နဲ့ ၇ လက်မ (၂၁၀ စင်တီမီတာ) ရှည်လျားတဲ့ တရုတ်နိုင်ငံက အသက် ၁၁ နှစ်အရွယ်မိန်း ကလေးဦးဟာ ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်မိန်းကလေးအဖြစ် သတ်မှတ်ခံနေရတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။
ဒီမိန်းကလေးရဲ့ နာမည်က ဇန်းဇီယူပါ။ သူမဟာ တရုတ်နိုင်ငံ ဂျီနန်ပြည်နယ်က ကျောင်းတခုမှာ တက်ရောက်နေတဲ့ ခြောက်တန်းကျောင်းသူပါ။
ဇန်းရဲ့ မိဘနှစ်ပါးစလုံးဟာ ဘတ်စကတ်ဘော ကစားသမားဟောင်းတွေဖြစ်ပြီး နှစ်ယောက်စလုံးက ၂ မီတာကျော် အရပ်အမောင်းရှိပါတယ်။
ဒါ့ကြောင့် ဇန်းရဲ့ အရပ်အမောင်းဟာ သူ့မိဘမျိုးရိုးကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားပေမယ့် ၁၁ နှစ်အရှည်မှာတင် ဒီလိုအရပ်အမောင်းကို ပိုင်ဆိုင်ထားတာကတော့ အနည်းငယ် ထူးဆန်းနေပါတယ်။
ယန်းဟာ သူ့ကျောင်းမှာဆိုရင် အတန်းတူအားလုံးထက် အရပ်ရှည်သူဖြစ်ပြီး တတန်းကျောင်းသူ အရွယ်ထဲက သူမအရပ်ဟာ ၅ ပေ ၃ လက်မဖြစ်နှင့်နေပါပြီ။
တရုတ်နိုင်ငံရဲ့ ခြောက်တန်းကျောင်းသူတွေရဲ့ ပျမ်းမျှအရပ်ဟာ ၄ ပေ ၆ လက်မသာရှိတာကြောင့် သူမရဲ့ ထွားကြိုင်းမှုကို ထင်ထင်ရှားရှား မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဘတ်စကတ်ဘောသမားမိဘတွေက ဆင်းသက်လာတာကြောင့် ဇန်းဟာ ဘတ်စကတ်ဘော အားကစားကို ဝါသနာပါသူဖြစ်ပြီး သူမအနှစ်သက်ဆုံး ကစားသမားကတော့ လီဘရွန်ဂျိမ်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သူမဟာ အရပ် ၆ ပေ ၈ လက်မရှိတဲ့ ဂျိမ်းထက် နှစ်လက်မ ပိုအရပ်ရှည်နေပြီး NBA က ဘတ်စကတ်ဘော ကစားသမားတွေရဲ့ ပျမ်းမျှအရပ်ထက်လည်း သုံးလက်မ ပိုရှည်နေပါတယ်။
ဒါ့ကြောင့် သူမဟာ “အမျိုးသမီးယိုမင်း” လို့ တောင်နာမည်ပြောင်ပေးခံနေရပြီပဲ ဖြစ်ပါတယ်။ ယိုမင်းဟာ တရုတ်နိုင်ငံရဲ့ အထင်ကရ ဘတ်စကတ်ဘော ကစားသမားဖြစ်ပြီး သူ့ကစားသမဘဝရဲ့ အချိန်အများစုကို ဟူစတန်ရော့ကတ်အသင်းမှာ ကုန်ဆုံးခဲ့ကာ ၂ ဒသမ ၂၉ မီတာရှည်လျားတဲ့ အရပ်ရှိပါတယ်။
ဒါပေမယ့် ဇန်းရဲ့ ကြီးထွားမှုဟာ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် သူမဟာ နောင်တချိန်မှာ ယိုမင်းကို ကျော်တက် သွားနိုင်တဲ့ အလားအလာတွေလည်း ရှိနေပါတယ်။
ဒီလိုမျိုးသူမတူအောင် ရှည်လျားတဲ့ အရပ်ကြောင့် ဇန်းဟာ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး မိန်းကလေးအဖြစ် သတ်မှတ်ခံနေရတာလည်း ဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့အရပ်ရှည်ဆုံး မိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရ သူကတော့ အင်္ဂလန်နိုင်ငံက အသက် ၁၂ နှစ်အရွယ် ဆိုဖီဟိုးလင်းဆိုသူဖြစ်ပြီး သူမရဲ့အရပ်က ၆ ပေ ၂ လက်မရှိပါတယ်။
ဒီအရွယ်အစားဟာ ဇန်းထက်များစွာနိမ့်ကျနေတာပါတယ်။ ဒါပေမယ့် ဇန်းရဲ့ မိဘတွေက သူတို့ရဲ့သမီးကို ဂင်းနစ်စံချိန်ရှင်ဖြစ်ဖို့ ကြိုးစားမှုရှိမရှိ မသိရသေးတာကြောင့် သူမရဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး မိန်းကလေးအဖြစ် တရားဝင် သတ်မှတ်ခံနိုင်မှုကတော့ မသချောသေးပါဘူး။