Home
မြန်မာသတင်း
မီနီဘတ်စ် အစီး ၇၀၀ ခန့် မြို့စွန်များတွင်သာ သီးသန့်ပြေးဆွဲမည်ဟု YRTA ပြော
DVB
·
November 24, 2018
YBS စနစ်မှာ ပြေးဆွဲနေတဲ့ မီနီဘတ်စ် အစီး ၇၀၀ ဝန်းကျင်ကို မြို့စွန် လမ်းကြောင်းတွေမှာပဲ သီးသန့်ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှူ အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ မီနီဘတ်စ်တွေဟာ ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်တဲ့အပြင် နောက်ပိုင်း ဆောင်ရွက်မယ့် ကတ်စနစ်အတွက်လည်း အဆင်မပြေတာကြောင့် အခုလို လမ်းကြောင်းပြောင်းလဲသွားမှာလို့ ဆိုပါတယ်။ မီနီဘတ်စတွေကို လှိုင်သာယာ၊ ရွှေပြည်သာတို့လို မြို့စွန် ၄ မြို့နယ်အတွင်းမှာပဲ ပြေးခိုင်းဖို့  ခု စလုပ်နေပြီး လမ်းကြောင်းတွေ ဆွဲနေကြောင်း၊ နောက်ပိုင်းမြို့တွင်းကို City Bus ပဲ ဝင်ခွင့်ပြုတော့မှာဖြစ်ကြောင်း သူက ပြောပါတယ်။ YBS ယာဉ်လိုင်းတွေကို ၂၀၁၆ ဇန်နဝါရီလက စတင်ခဲ့ပြီး လက်ရှိမှာ ယာဉ်လိုင်းပေါင်း ၁၀၀၊ ယာဉ်စီးရေ ၆၂၀၀ ကျော်နဲ့ ကုမ္ပဏီ ၁၇ ခုက တာဝန်ယူပြေးဆွဲနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024