Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာရေး လွယ်ကူသည့်စည်းစနစ် ချမှတ်မည်ဟု ၀န်ကြီးသစ် ပြော
DVB
·
November 24, 2018
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့အတွက် လွယ်ကူတဲ့ စည်းစနစ်တွေ ချမှတ်ပြီး ဖိတ်ခေါ်မှုတွေ လုပ်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ၀န်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။ “အဓိကတော့ ကျနော်တို့က ဒီ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လွယ်လွယ်ကူကူနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာအောင် ဖိတ်ခေါ်မယ်။ Activity လုပ်မယ်။ နောက်ပြီးတော့ လွယ်ကူအောင်လည်း စည်းစနစ်တွေချပြီးတော့ လွယ်ကူအောင်လုပ် ပေးမယ်။ စောစောက ကျနော်တို့ ပြောခဲ့တဲ့ဟာရှိပါတယ် Single Window ပေါ့။ တနေရာတည်းမှာ ပါမစ်တွေဘာတွေ လွယ်အောင် လုပ်ပေးပါ့မယ်။ အဲဒါဆိုရင်တော့ ကျနော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ဦးသောင်းထွန်းက ပြောပါတယ်။ အဲဒီ ၀န်ကြီးဌာနအသစ် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အတည်ပြုဖွဲ့စည်းထားခဲ့တာပါ။ ၀န်ကြီးဌာနနဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် ဦးသောင်းထွန်းဟာ အရင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့ တင်ပြတာနဲ့ လွှတ်တော်က မှတ်တမ်းတင်တာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024