A d v e r t i s e m e n t With Us

အောင်လအန်ဆန်းနှင့်ထိုးသတ်မည့် ဗီရာ ပြိုင်ဘက်ကို အလဲထိုး

အောင်လအန်ဆန်းနဲ့ထိုးသတ်ဖို့ စိန်ခေါ်ထားတဲ့ ဝမ်းဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာဟာ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြိုင်ဘက် အီတလီဖိုက်တာ စီရီလီကို ၁ မိနစ် ၉ စက္ကန့်တည်းနဲ့ အလဲထိုးအနိုင်ရရှိခဲ့ပါတယ်။ ဝမ်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုအတွက် ထိုးသတ်ခဲ့တဲ့ဒီပွဲမှာ ပရိသတ်တွေအနေနဲ့ အကြိတ်အနယ်ရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းအချိန်အနည်းငယ်အတွင်းမှာ အလဲထိုးနိုင်ခဲ့သူ ဗီရာအတွက် တကျော့ပြန် ခါးပတ်ကိုပိုင်ဆိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗီရာဟာ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို အရင်က ရရှိထားဖူးပေမယ့် ဖိလစ်ပိုင်နိုင်ငံတွင်းမှာ ရုပ်ရှင်တွေရိုက်ကူးပြီး အနားယူနေတာကြောင့် တနှစ်အကြာမှ ကြိုးဝိုင်းအတွင်း ပြန်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ တကျော့ပြန်ခရီးအစဟာ အဖွင့်လှခဲ့ပြီးတော့ လာမယ့်နှစ်မှာ ထိုးသတ်ဖို့ ရာခိုင်နှုန်းများနေတဲ့ အောင်လအန်ဆန်းနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ။

A d v e r t i s e m e n t With Us

More News
Up