A d v e r t i s e m e n t With Us

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၃ ဦး စာရင်းတွင် ရော်နယ်ဒို မပါဝင်ရန် သေချာနေ

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၃ ဦးစာရင်းမှာ ရော်နယ်ဒိုမပါဝင်လာဖို့ သေချာနေပြီလို့ နောက်ဆုံးရသတင်းတွေအရ သိရပါတယ်။ ရော်နယ်ဒိုလိုပဲ မက်ဆီဟာလည်း လွဲချော်ဖွယ်ရှိနေပြီးတော့ ကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ကစားသမားတွေပဲ ရေပန်းစားနေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားရရှိခဲ့ပေမယ့် နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီနဲ့ ရှုံးထွက်အဆင့်မှာပဲ ကျေနပ်ခဲ့ရပါတယ်။ သူ့လိုပဲ ချန်ပီယံလိဂ်ဖလား ရရှိပြီးတော့ နိုင်ငံအသင်းကို ကမ္ဘာ့ဖလား ဒုတိယရရှိအောင် ဦးဆောင်ခဲ့သလို ဖီဖာရဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ မိုဒရစ်က ထိပ်ဆုံးက ရေပန်းစားနေခဲ့ပါတယ်။ သူ့နောက်မှာတော့ PSG လူငယ်ကြယ်ပွင့် အန်ဘာပေးက ရေပန်းစားနေပါတယ်။ အန်ဘာပေးဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိခဲ့တာမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့ပြီး ကလပ်အသင်းနဲ့လည်း အမှတ်ပေးဖလား ရရှိထားပါတယ်။ ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုလည်း ရရှိထားတဲ့အတွက် ဘလွန်းဒီအောဆု ထပ်မံရရှိဖို့ ရေပန်းစားနေခဲ့တာပါ။ နောက်ဆုံးတယောက်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်ကွင်းလယ်လူ ဗာရိန်းဖြစ်ပြီးတော့ အီတလီနောက်ခံလူ ကနဗာရိုပြီးရင် ပထမဆုံးအကြိမ် ဘလွန်းဒီအောဆု ရရှိတဲ့ နောက်ခံလူဖြစ်လာဖွယ် ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up