ဘောလုံးကစားစဉ်က ဂယ်ရီနဗီးလ်ကို ကြည့်မရခဲ့ဟု ကာရေဂါ ထုတ်ဖော်

749
ဘောလုံးကစားခဲ့စဉ်က ဂယ်ရီနဗီးလ်ကို လုံးဝကြည့်မရခဲ့ပေမယ့် လက်ရှိမှာတော့ အချိန်တိုင်း ဖုန်းပြောဖြစ်တယ်လို့ လီဗာပူးကွင်းလယ်လူဟောင်း ကာရေဂါက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
စကိုင်းစပို့ရဲ့ ဘောလုံးအစီအစဉ်တစ်ခုမှာ သုံးသပ်သူတွေအဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါနဲ့ ဂယ်ရီနဗီးလ်တို့ဟာ အကောင်းမွန်ဆုံး ဆက်ဆံရေးမှာရှိနေပြီးတော့ ယခင်က သူတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သတ်လို့ အခုလို ထုတ်ဖော်ပြောကြားခဲ့တာတော့ မရှိပါဘူး။
ကာရေဂါက သူတို့ဟာ အသင်းရဲ့ စူပါစတားတွေ မဟုတ်ခဲ့ပေမယ့် မရှိမဖြစ် ခံစစ်ကျောက်ဆောင်တွေ ဖြစ်ခဲ့တယ်လို့ပြောပါတယ်။
သူတို့ဟာ ခံစစ်မှူးတွေဖြစ်လို့ အသင်းကို မရှုံးနိမ့်ရရေး ကြိုးပမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ အင်္ဂလန်သားတွေဖြစ်ပေမယ့် အစဉ်အလာ ပြိုင်ဘက်အသင်းတွေမှာ ကစားခဲ့လို့ တယောက်နဲ့တယောက် မနှစ်သက်ခဲ့တာလို့ ရီမောပြီး ရှင်းပြခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ နှစ်ယောက်စလုံးဟာ သူငယ်ချင်းကောင်းတွေဖြစ်နေပြီး ဘောလုံးဝေဖန်သုံးသပ်သူအလုပ်ကို အတူတကွ လုပ်ဆောင်နေကြတာကို ပရိသတ်တွေက အတော်လေးစိတ်ဝင်စားနေကြတာပါ။