A d v e r t i s e m e n t With Us

စူပါမော်ဒယ် ကင်မ်ကာဒက်ရှန် ဇနီးမောင်နှံ မီးဘေးသင့်သူများအတွက် ဒေါ်လာ ၅ သိန်းလှူမည်

စူပါမော်ဒယ် ကင်မ်ကာဒက်ရှန်နဲ့ ခင်ပွန်းဖြစ်သူ ကိန်းဝက်စ်တို့ဟာ ကယ်လီဖိုးနီးယား တောမီးကို ကြိုးစားငြှိမ်းသတ်ကြတဲ့ မီးသတ်သမားတွေနဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အမေရိကန် ဒေါ်လာ ၅ သိန်း လှူဒါန်းမယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ အယ်လန်ဒီဂျန်နရက်စ် ရှိုးပွဲမှာ ကင်မ်ကာဒက်ရှန်က ကယ်လီဖိုးနီးယားတောမီးအတွင်း သူတို့ဟာ ကိုယ်ပိုင် မီးသတ်သမားတွေ ဌားရမ်းပြီး သူတို့နေအိမ်နဲ့ တခြားလူတွေရဲ့ နေအိမ်တွေကို ကာကွယ်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ကင်မ်တို့မိသားစုဟာ ၀ူစလေတောမီးအတွင်း အိုးအိမ်စွန့်ခွာပြောင်းရွှေ့ခဲ့ရသူတွေထဲ ပါဝင်ခဲ့ပါတယ်။ အဲဒီတောမီးဟာ နာမည်ကျေ် မာလီဘူမြို့ကို ကူးစက်ခဲ့ပြီး အဆောက်အဦ ၁၅၀၀ ကျော် မီးဘေးသင့်ခဲ့ပါတယ်။ ကာဒက်ရှန်၊ ၀က်စ်၊ Yeezy ဖက်ရှင်ကုမ္ပဏီနဲ့ Adidas အားကစားကုမ္ပဏီ တို့ဟာလည်း ကယ်လီဖိုးနီးယား မီးဘေးသင့်ပြည်သူတွေနဲ့ မီးသတ်သမားတွေအတွက် ဒေါ်လာ ၄ သိန်း လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ မီးလောင်နေတဲ့ ကိုယ့်အိမ်ကနေ လက်မတင်လေး လွတ်မြောက်ပြီးနောက် အနီးဝန်းကျင် နေအိမ်တွေကို မီးငြှိမ်းသတ်ပေးခဲ့တဲ့ မီးသတ်သမား မိုက်ကယ်ဝီလျံကို နောက်ထပ် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up