အဆိုတော် ၀ိုင်းစုခိုင်သိန်း၏ သီချင်းသစ် - ပြတ်စာ(ရုပ်သံ)
DVB
·
November 23, 2018
“အချစ်ဟာ နားလည်မှုလို့ပြောပြီး မင်းလုပ်ချင်တာ လုပ်တယ်… ဟေး… မျက်ရည် ကျအောင်လုပ်တာ မင်းလည်း တနေ့တော့ ၀ဋ်လည်မယ်… ယုံစားမိခဲ့တော့ ငါ့မှာ… အရူး တပိုင်းနဲ့ ငါငိုတာပေါ့”
ဒါကတော့ သီချင်းသစ်တွေမထွက်တာကြာပြီဖြစ်တဲ့ လူငယ်ကြိုက်အမျိုးသမီး တေးသံရှင် ၀ိုင်းစုခိုင်သိန်းရဲ့ လတ်တလောထွက်လာခဲ့တဲ့ သီချင်းထဲက စာသားတွေ ဖြစ် ပါတယ်။
“ကြားနေရတဲ့ မင်းရဲ့ အကြောင်းတွေ… နားထဲမှာ ခါးတယ်… ဒီတော့… အဝေးကို ပဲ ထွက်သွားပါ… နောက်လှည့်မကြည့်ပါနဲ့… ဒါ အိပ်မက်တွေပဲလို့… ငါ သဘောထား လိုက်ပါမယ်”
ဝိုင်းစုခိုင်သိန်းဟာ တကိုယ်တော် တေးသီချင်းအယ်လ်ဘမ်ဖြစ်တဲ့ မက်လောက်စ ရာတေးအယ်လ်ဘမ်ကို စတင်ထွက်ရှိခဲ့ပြီး နောက်ထပ်တကိုယ်တော်တေးအယ်လ်ဘမ် တွေဖြစ်တဲ့ မျက်လှည့်၊ အာဘွား၊ ခါချနေရတယ် စတဲ့ အယ်လ်ဘမ်တွေကို ထွက်ရှိခဲ့ကာ နောက်ဆုံးထွက်ရှိထားတာကတော့ ဂါအမည်ရတဲ့ တေးအယ်လ်ဘမ်ဖြစ်ပါတယ်။
“တော်ပါပြီ… တို့နှစ်ယောက်အကြောင်းတွေ ပြည်ဖုံးကားချလိုက်ပြီ… စိတ်ကူးတွေ ထဲတောင် မင်းမလာနဲ့… မင်းကို အပြစ်ပေးမယ်… သံယောဇဉ်ကြိုးရဲ့ အမျှင်လေး… ဖြတ် တောက်လိုက်ပြီ… နင်အချစ်ကို ကိုးကွယ်မနေနဲ့တော့”
သူ့ရဲ့ သီချင်းတွေအများစုဟာ အချစ်၊ အလွမ်း၊ အဆွေးစတဲ့ စာသားတွေနဲ့အတူ မိန်းကလေးပရိသတ်တွေရော၊ ယောက်ျားလေး ပရိသတ်တွေကြားမှာပါ အားပေးမှုတွေ ရရှိထားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။
“ရင်ခုန်သံလေးရယ်… ဒဏ်ရာတွေ ပေးတယ်… မင်းကြောင့်နဲ့ နှလုံးသားတခု တော့ ဖျားပြီလေ… ပုံပြင်တွေ ပေးတယ်… နင်ဟာ နတ်ဆိုးပဲ… ငါအချစ်ကို ရွေးချယ်တာ မှားသွားတယ်”
ဒီသီချင်းထဲမှာတော့ ရက်စက်တဲ့ ချစ်သူကြောင့် ခံစားရတဲ့ မိန်းကလေးဘက်က ခံ စားချက်တွေနဲ့ သီဆိုထားပြီး သူကိုယ်တိုင်လည်း ဒီအမ်တီဗွီထဲမှာ ပါဝင်သရုပ်ဆောင် ထားခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။
“ဒါဟာ ၀ဋ်ကြွေးပဲ… ဒီဘ၀ဒီမျှနဲ့… မင်းရေးတဲ့ ပြဇာတ်လေးက ဆုံးပြီပဲ… ကန့်လန့် ကာကို ချတော့… ကြာရင်မေ့သွားရော… ငါ့ရင်ထဲက ထုတ်ပစ်လို့… နင်အဝေးထွက်သွား ပါတော့”
တကိုယ်တော် တေးအယ်လ်ဘမ်တွေမှာရော၊ အတွဲသီချင်းခွေတွေမှာပါ သီဆို အောင်မြင်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ ပြတ်စာအမည်ရတဲ့ ဒီသီချင်းထဲမှာတော့ သူ့ရဲ့ တမူထူး ခြားတဲ့ ဟန်အတိုင်း အလွမ်းအဆွေးစတိုင်နဲ့အတူ ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။