ဗြိတိန်မင်းသား ၀ီလျှံကို အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ဂျာစီလက်ဆောင်ပေး

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ သူ့လက်မှတ်ပါတဲ့ ဂျာစီကို ဗြိတိန် တော်ဝင်မင်းသား ဝီလျံကို လက်ဆောင်ပေးခဲ့ပါတယ်။ ဘောလုံးဟာ ငြိမ်းချမ်းရေးအတွက် ဆိုတဲ့ အမည်နဲ့ပြုလုပ်တဲ့ လှုံ့ဆော်ပွဲမှာ လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ လန်ဒန်မှာရှိတဲ့ ကော့ပါး ဘောက်စ် အရီနာမှာ ကျင်းပခဲ့တဲ့ အဲ့ဒီပွဲကို ဆာခို၊ ဖလာမီနီ၊ ဆဂ်နာ စတဲ့ ကစားသမားတွေ တက်ရောက်ခဲ့ကြပြီး လာမယ့်ကာလမှာ ထွက်ပေါ်လာမယ့် လူငယ်ခေါင်းဆောင်တွေအကြား ဘောလုံးဟာ ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်ကြောင်း ဖော်ကျူးတဲ့ပွဲလည်းဖြစ်ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ဆက်နေဖို့အတွက် မကြာသေးခင်ကမှ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ တရုတ်ကလပ်တခုရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သန်းနဲ့ ခေါ်ယူမှုကို ငြင်းပယ်ပြီးတော့ ကစားသမားဘဝ ပြီးဆုံးချိန်အထိ အာဆင်နယ်အသင်းမှာပဲ ဆက်ရှိနေဖို့အတွက် အတည်ပြုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up