A d v e r t i s e m e n t With Us

တောင်ကိုရီးယားအကြီးဆုံး ခွေးသားသတ်ရုံကို သက်ဆိုင်ရာက စတင်ဖြိုခွင်း

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ခွေးသားသတ်ရုံကို သက်ဆိုင်ရာက စတင်ဖြို ခွင်းလိုက်ပြီဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ တိုင်ပြုံဒုံအမည်ရတဲ့ အဲဒီသားသတ်ရုံဟာ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရဲ့ တောင်ဘက်မှာတည်ရှိပြီး ၂ ရက်အတွင်း ဖြိုဖျက်မှာဖြစ်ကာ အဲဒီနေရာမှာတော့ ပြည် သူပိုင် ပန်းခြံတခုတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နှစ်စဉ် တောင်ကိုရီးယားနိုင်ငံမှာ ခွေးကောင်ရေ ၁ သန်းလောက် စားသုံးနေကြတာဖြစ်ပြီး တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူတွေက ဒါကို အဆုံးသတ်နိုင်ဖို့ တိုက်ပွဲဝင်နေကြတာပါ။ တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားကို အရသာရှိတဲ့ စားသောက်ဖွယ်ရာတခုအဖြစ် တချိန်က စားသုံးခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာတော့ သဘောထားအမြင်တွေ ပြောင်းလာခဲ့ကြပါပြီ။ ကိုရီးယား တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (ကေအေအာရ်အေ) ကတော့ “ဒါဟာ သမိုင်းဝင် လှုပ်ရှားမှုတခုပါပဲ။ ဒီလှုပ်ရှားမှုကနေ အစပြုပြီး တနိုင်ငံလုံးရဲ့ ခွေးသားသတ်ရုံတွေကို ဖွင့်ပစ်လိုက်နိုင်မှာ ဖြစ်သလို ခွေးသားစားသုံးမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြလိုက်တာပါ။ တိုင်ပြုံဒုံ ခွေးသားသတ်ရုံဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၆ ရုံလောက်ရှိနေပြီး နိုင်ငံတ၀ှမ်းက စားသောက်ဆိုင်တွေကို ရာနဲ့ချီတဲ့ ခွေးတွေကို သတ်ပြီး အသားသွင်းတဲ့ အဓိကရင်းမြစ်တခု ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်း (အိပ်ခ်ျအက်စ်အိုင်) မှ လှုပ်ရှားတက် ကြွသူတွေကတော့ သားသတ်ရုံတွင်းက အခြေအနေဟာ တကယ့်ကို သွေးပျက်ထိတ် လန့်စရာအခြေအနေလို့ ပြောပါတယ်။ နှစ်စဉ် နွေရာသီရောက်တိုင်း တောင်ကိုရီးယားနိုင်ငံမှာ ၃ ရက်တာ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူးပွဲတော်မှာ ခွေးသားဟင်းလျာကို အထူးဟင်းလျာတခုအဖြစ် စားသုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ကိုရီးယားလူမျိုးတွေဟာ အဲဒီ ၃ ရက်တာမှာ ခွေး သားအစား ကြက်စွပ်ပြုတ်ကို အစားထိုး စားသုံးမှုတွေ ရှိလာနေခဲ့ပါပြီ။ ဆိုးလ်မြို့မှာ ခွေးသားဟင်းလျာရရှိနိုင်တဲ့ စားသောက်ဆိုင်အရေအတွက်ဟာ တချိန်က ၁၅၀၀ လောက်အထိ ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်အရောက်မှာတော့ ၇၀၀ လောက်သာ ရှိတော့တာမို့ ဒါဟာ ကျဆင်းလာတာ ဖြစ်ပါတယ်။ ကိုရီးယား လူမျိုးတွေဟာ ခွေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတာတွေ ပိုမိုများ ပြားလာနေခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခွေးသားသတ်ရုံတွေကို ဘယ်လိုအရေးယူရမယ်ဆိုတဲ့ ဥပဒေကို နိုင်ငံတွင်းမှာ ချမှတ်ထားတဲ့ ဥပဒေ မရှိသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up