A d v e r t i s e m e n t With Us

အဆိပ်ဖြင့် တိုက်ခိုက်သူဟု စွပ်စွဲခံရသည့် ရုရှားထောက်လှမ်းရေး အကြီးအကဲ သေဆုံး

ဗြိတိန်နိုင်ငံမှာ အဆိပ်နဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ရုရှား စစ်ဘက်ထောက်လှမ်းရေး GRU  အကြီးအကဲဟာ နာတာရှည် နာမကျန်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့က ကွယ်လွန်သွားတယ်လို့ ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အသက် ၆၂ နှစ်အရွယ် အီဂေါ ကိုရိုဘော့ဟာ ထောက်လှမ်းရေး အေဂျင်စီကို ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး သူရဲ့ထူးချွန်ပြောင်မြောက်မှုအတွက် ရုရှားသူရဲကောင်းဆု ချီးမြှင့်ခံရတယ်လို့ ရုရှားနိုင်ငံပိုင်  TASS သတင်းဌာနက ထုတ်ပြန်ပါတယ်။ အတည်မပြုရသေးတဲ့ ရုရှားမီဒီယာတခုက “စခရီပါ သားအဖ” ကို အဆိပ်နဲ့ လုပ်ကြံတဲ့ ကိစ္စမှာ မအောင်မမြင်ဖြစ်ပြီးနောက်  အီဂေါ ကိုရိုဘောကို သမ္မတ ပူတင်က ခေါ်ယူပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကတည်းက ကိုရိုဘော့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောကြားတာတွေ ကြီးထွားလာခဲ့ပါတယ်။ ရုရှားစပိုင်ဟောင်း ဆာဂျီစခရီပါနဲ့ သမီးဖြစ်သူတို့ကို အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်မှုအတွက် ဗြိတိန်အစိုးရက ရုရှား စစ်ဘက်ထောက်လှမ်းရေး GRU ကို စွပ်စွဲပြစ်တင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up