A d v e r t i s e m e n t With Us

အေဂျက်ဇ်ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူရန် မန်စီးတီးနှင့် ဘာစီလိုနာ ပြောင်းရွှေ့ကြေး မေးမြန်း

မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့ဟာ အေဂျက်ဇ်ကွင်းလယ်ကစားသမား ဒီဂျောင်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး မေးမြန်းထားတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ ကွင်းလယ်ကစားသမားတဦး ခေါ်ယူဖို့  နွေရာသီ အပြောင်းအရွှေ့ကတည်းက စီစဉ်ခဲ့တာဖြစ်ပေမယ့် ဂျော်ဂျင်ဟိုကို ချဲလ်ဆီးက ခေါ်ယူသွားတဲ့အတွက် လက်လွတ်ခဲ့ရတာပါ။ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ အေဂျက်ဇ်က ဒီဂျောင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေတာကြောင့် အပြိုင်ကမ်းလှမ်းရဖို့ ရှိနေပါတယ်။ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ဟော်လန်လက်ရွေးစင်  ဖရန်ကီဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း သတ်မှတ်ထားတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ အေဂျက်ဇ်အသင်းအတွက် စုစုပေါင်း ပွဲ ၅၀ ကစားပြီး ၂ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up