လိုင်လီ တောင်ပံကစားသမား ပီပီကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စား

အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် လိုင်လီ တောင်ပံကစားသမား နီကိုလက်စ်ပီပီကို ပေါင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒဏ်ရာရသွားတဲ့ ဝဲလ်ဘက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်ရှိ အိုင်ဗရီကို့စ်ကစားသမား ပီပီဟာ အခုရာသီမှာ လိုင်လီအသင်းနဲ့အတူ ၁၃ ပွဲကစားထားပြီး ၈ ဂိုးအထိ သွင်းယူ ခြေစွမ်းပြနေတာပါ။ ပီပီကို စပါးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Time က ဖော်ပြခဲ့ပြီး လန်ဒန်ကလပ်နှစ်သင်း အနေနဲ့ အပြိုင်ကြိုးပမ်းရဖွယ် ရှိတယ်လို့ ရေးသားခဲ့ပါတယ်။ တောင်ပံကစားသမား ပီပီဟာ ၂၀၁၇ ခုနှစ်ကမှ လိုင်လီအသင်းဆီ ရောက်ရှိလာတာဖြစ်ပြီး စုစုပေါင်း ၄၉ ပွဲမှာ ၂၁ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up