A d v e r t i s e m e n t With Us

သံလမ်းနှင့် ပလက်ဖောင်းကြားညပ်ပြီး ရထားကြိတ်မည့်ဘေးမှ ကံသီလွတ်မြောက်သွားသည့် ကလေးငယ် (ရုပ်သံ)

ရထားတစင်းလာနေချိန်မှာ သံလမ်းနဲ့ ပလက်ဖောင်းကြား နေရာကျဉ်းကျဉ်းလေးမှာ ပိတ်မိနေတဲ့ အဖြစ်ဟာ တကယ့်ကို စိုးရိမ်စရာ အခြေအနေပါပဲ။ ဒီအခြေအနေမှာ လူကြီးတယောက်မဟုတ်ဘဲ တနှစ်အရွယ်သာရှိသေးတဲ့ ကလေးတယောက်အဖို့တော့ အသက်ဘေးက လွတ်မြောက်နိုင်ဖို့ တော်တော့ကို ခက်ခဲမှာဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာတော့ ဒါဟာ တကယ့်ကိုဖြစ်ခဲ့ပြီး ကလေးငယ်ဟာ ဘာထိခိုက်ဒဏ်ရာမှ မရရှိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရထားဟာ အရှိန်နဲ့ ဘူတာရုံထဲ ဝင်လာချိန်မှာ ကလေးငယ်ဟာ သံလမ်းနဲ့ ပလက်ဖောင်းကြား ညပ်ပိတ်မိနေခဲ့တာကို တွေ့ရပါတယ်။ အနီးနားက လူတွေဟာ ဘာမှမတတ်နိုင်ဘဲ ရှိနေခဲ့ကာ ရထား ဖြတ်ကျော်သွားချိန်မှာမှ ကလေးကို ပြန်ဆွဲထုတ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဥတာပရာဒေ့ရှ်ပြည်နယ်၊ မက်သီရာ ရထားဘူတာရုံမှာ ဖြစ်ခဲ့ပြီး မိဘတွေဟာ ရထားပေါ်ကအဆင်းမှာ ကလေးကို လွတ်ကျခဲ့ပြီး သံလမ်းနဲ့ ပလက်ဖောင်းကြား ပိတ်မိသွားခဲ့တာလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up