ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာ ဘောလုံးသမားဘဝမှ အနားယူ

ချဲလ်ဆီးနဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူးဟောင်း ဒရော့ဘာဟာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အသက် ၄၀ အရွယ် တိုက်စစ်မှူး ဒရော့ဘာဟာ ကစားသမားဘဝကို အနှစ် ၂၀ ကြာ ဖြတ်သန်းအပြီးမှာ အနားယူသွားတာပါ။ ဒရော့ဘာဟာ ချဲလ်ဆီးအတွက် ကစားပေးတဲ့ ပွဲပေါင်း ၃၈၁ ပွဲမှာ ၁၆၄ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒရော့ဘာဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ သူပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် Phoenix Rising အသင်းမှာ ကစားခဲ့ပါတယ်။ သူဟာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက်တော့ ၁၀၅ ပွဲ ကစားပေးထားပြီး ၆၅ ဂိုး သွင်းယူထားပါတယ်။

//
More News
Up