ဆော်ဒီသတင်းထောက် အသတ်ခံရမှု အမေရိကန်နှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူတို့ဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ဆော်ဒီသတင်းထောက် ခါရွှန်းဂျီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီတွေ့ဆုံမှုဟာ အမေရိကန်သမ္မတ ထရမ့်ရဲ့ ထုတ်ပြန်ချက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ထုတ်ပြန်ချက်ထဲမှာ သမ္မတ ထရမ့်က ဆော်ဒီအိမ်ရှေ့မင်းသားအနေနဲ့ ခါရွှန်းဂျီ အသတ်ခံရတဲ့ကိစ္စကို သိနှင့်နေတာ ဖြစ်နိုင်ပေမယ့် အမေရိကန်နိုင်ငံဟာ ဆော်ဒီရဲ့ “မဖောက်ပြန်တဲ့ မိတ်ဘက်နိုင်ငံ” အဖြစ် ဆက်လက်ရှိဖို့ ရည်ရွယ်တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up