A d v e r t i s e m e n t With Us

ရောမမြို့တွင် တရားမဝင် တည်ဆောက်ထားသည့် ဇိမ်ခံအိမ်ကြီး ၈ လုံးကို အီတလီရဲတပ်ဖွဲ့ သိမ်းပိုက်

ဓာတ်ပုံ - azvision
အီတလီရဲတပ်ဖွဲ့ဝင်တွေဟာ ရောမမြို့တော်မှာ တရားမဝင် တည်ဆောက်ထားတဲ့ ဇိမ်ခံအိမ်ကြီး ၈ လုံးကို နိုဝင်ဘာ ၂၀ ရက်က သိမ်းပိုက်လိုက်ပါတယ်။ ဒီအိမ်ကြီးတွေကို အကျော်ကြားဆုံးနဲ့ အင်အားအကြီးဆုံး မာဖီးယားဂိုဏ်းတွေက တည်ဆောက်ထားတာဖြစ်လို့ ရဲတပ်ဖွဲ့အင်အား ၆၀၀ လောက်နဲ့ မနက် အရုဏ်တက်ချိန်မှာ စီးနင်းခဲ့တာပါ။ မြို့တော်ဝန် ဗာဂျီးနီးယား ရဒ်ဂီက ကာဆာမိုနီကာ လူရမ်းကားအုပ်စုအပေါ် စစ်ဆင်ရေးကို စောင့်ကြည့်ခဲ့ပါတယ်။ ကာဆာမိုနီကာ မိသားစုဟာ ရောမမြို့ အရှေ့တောင်ပိုင်း ရပ်ကွက်တွေက ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေခဲ့တာ ဆယ်စုနှစ် အတော်များများ ကြာခဲ့ပါပြီ။ ဒီအုပ်စုဟာ နှစ်ပေါင်းများစွာ မှောင်ရိပ်ခို လှုပ်ရှားခဲ့ရာက ၂၀၁၅ ခုနှစ်မှာ သူတို့ကို လူထုက အာရုံစိုက်မိခဲ့ပါတယ်။ ဒီအုပ်စု ဂိုဏ်းချုပ်တွေထဲက တယောက်ရဲ့ ဈာပနမှာ တက်ရောက်သူတွေအပေါ် ရဟတ်ယာဉ်ပေါ်ကနေ နှင်းဆီပွင့်ဖတ်တွေ ကြဲချခဲ့တာပါ။ ထင်ရှားတဲ့ ဒီဈာပနကြောင့် ကာဆာမိုနီကာအဖွဲ့ကို တရားရေးအရ အရေးယူဖို့ နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့သလို လူအများက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြပါတယ်။ ဘုရားကျောင်း လက်ရန်းတွေမှာလည်း ရောမမြို့ကို ခင်ဗျားသိမ်းပိုက်ခဲ့ပြီးပြီ။ အခု ကောင်းကင်ဘုံကို သိမ်းပိုက်ပါလို့ ရေးထားတဲ့ ပိုစတာတွေ ချည်ထားခဲ့ပါတယ်။ ဇူလိုင်လက စီးနင်းမှုတွေအတွင်း ဒီအုပ်စုက အဖွဲ့ဝင် ၃၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အိမ်တွေကို ဒီနှစ်ကုန်ပိုင်းမှာ ဖြိုချဖျက်ဆီးမယ်လို့ မြို့တော်ဝန်က ပြောလိုက်ပြီး ဖြိုချချိန်မှာ လာရောက်ပူးပေါင်းမယ်လို့ ဒုဝန်ကြီးချုပ် မက်တီယို ဆယ်လ်ဗီနီကလည်း ကတိပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up