A d v e r t i s e m e n t With Us

လာမည့်နှစ် ရာသီကြိုကာလတွင် သြစတြေးလျ သွားမည်ဟု မန်ယူ ကြေညာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ် ရာသီကြိုကာလမှာ သြစတြေးလျနိုင်ငံကို သွားရောက်မယ်လို့ ကြေညာလိုက်ပါတယ်။ မန်ယူအသင်းအနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေကို အမေရိကမှာပဲ သွားရောက် လေ့ကျင့်လေ့ရှိတာပါ။ လာမယ့်နှစ်မှာတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ သြစတြေးလျနိုင်ငံမှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ပါ့သ်မြို့မှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။ မန်ယူအသင်းအနေနဲ့ သြစတြေးလျမှာ ပါ့သ်ဂလိုရီအသင်းနဲ့လည်း ဆက်လက်ခြေစမ်းမှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရတာဟာ အခွင့်အရေးတခုဖြစ်ပြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျေနပ်မိတယ်လို့ မန်ယူအသင်း ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါ့ဒ်က ပြောပါတယ်။ မန်ယူအသင်းအနေနဲ့ သြစတြေးလျကို လာရောက်မှာဖြစ်တာကြောင့် ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတွေမှာလည်း ခြေစမ်းပွဲတွေကစားဖို့ ရှိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up