A d v e r t i s e m e n t With Us

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနှင့် အမ်ဘာပီတို့ ဒဏ်ရာရ

ပီအက်စ်ဂျီ တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာနဲ့ အမ်ဘာပီတို့ဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာရသွားလို့ အသင်းအတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ကင်မရွန်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပွဲအစ ၈ မိနစ်မှာပဲ ဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရတာပါ။ ဒါပေမယ့် မိမိရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်မှုမရှိဘဲ မကြာခင် ပြန်ကောင်းလာနိုင်တယ်လို့ နေမာက သူ့ရဲ့ အင်စတာဂရမ်ကနေ ပြောကြားခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပီဟာလည်း ဥရုဂွေးနဲ့ ခြေစမ်းပွဲမှာ ပထမပိုင်း ၃၆ မိနစ်မှာပဲ ပခုံးဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရပြီး ဒဏ်ရာအသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ပီအက်စ်ဂျီအသင်းဟာ လာမယ့်အပတ်မှာ လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားရဖို့ရှိနေပြီး သူတို့နှစ်ဦး ဒဏ်ရာကနေ သက်သက်လာခြင်းမရှိရင် အခက်တွေ့ဖွယ် ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up