A d v e r t i s e m e n t With Us

ကွင်းလယ်လူ ကန်တေကို ၅ နှစ် သက်တမ်းတိုးစာချုပ်ရန် ချဲလ်ဆီး ကမ်းလှမ်း

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ကန်တေကို လုပ်ခတိုးပေးပြီး ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။ ကန်တေဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနေပြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာတာကြောင့် သက်တမ်းတိုးပြီး ဆက်ထိန်းဖို့ ပြင်ဆင်လာတာပါ။ အသက် ၂၇ နှစ်ရှိ ပြင်သစ်ကွင်းလယ်ကစားသမား ကန်တေဟာ ချဲလ်ဆီးအသင်းမှာ တပတ်လုပ်ခ ပေါင်တသိန်းခွဲပဲ ရရှိနေသူဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုမယ်ဆိုရင် တပတ်လုပ်ခ ပေါင် ၂ သိန်း ၉ သောင်းအထိ တိုးမြှင့်ရရှိမယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်းဟာ ကန်တေကို ၂၀၁၆ ခုနှစ်က လက်စတာအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူရာမှာ ကန်တေက အဓိကနေရာကနေ ခြေစွမ်းပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up