A d v e r t i s e m e n t With Us

ဟောလိဝုဒ် သရီးဒီအန်နီမေးရှင်း ရုပ်ရှင်ပရိသတ်အကြိုက် Ralph Breaks the Internet ရုပ်ရှင် (နမူနာ)

ဟောလိဝုဒ် သရီးဒီ အန်နီမေးရှင်းရုပ်ရှင် အမျိုးအစားကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Ralph Breaks the Internet ရုပ်ရှင်ကားကို နိုဝင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Walt Disney Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ၂ ဦးဖြစ်တဲ့ Rich Moore နဲ့ Phil Johnston တို့က တွဲဖက်ရိုက်ကူး ပုံဖော်ပေးထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ Wreck-It Ralph ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗွီဒီယိုဂိမ်းထဲက လူဆိုးကြီး Ralph နဲ့ သူ့ရဲ့အပေါင်းအပါ လူ့ခွစာ ကောင်မလေး Vanellope တို့ဟာ Vanellope ရဲ့ ဗွီဒီယိုဂိမ်း Sugar Rush ကို ကယ်တင်ဖို့အတွက် အစားထိုး အစိတ်အပိုင်းတခုကို ရှာဖွေဖို့ World Wide Web ထဲကို ခရီးဆန့်ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ နောက်ပြီး ဒီကားထဲမှာ ထူးထူးခြားခြား အင်တာနက်ကမ္ဘာထဲက Disney World ကို ရောက်ရှိသွားချိန်မှာ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ Anna၊ Ariel၊ Moana၊ Cindrealla၊ Elsa၊ Snow White၊ Mulan စတဲ့ ဇာတ်ကောင်မင်းသမီးလေးတွေနဲ့ ဆုံတွေ့ကြပြီး ဘယ်လိုတွေ ကြုံတွေ့ရမလဲ ဆိုတာတွေကို ရှုစားကြရမှာပါ။ ဒီကားရဲ့ အဓိကဇာတ်ကောင် Ralph နဲ့ Vanellope နေရာတွေမှာတော့ အမေရိကန်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ John C. Reilly နဲ့ Sarah Silverman တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး တခြားသရုပ်ဆောင်တွေ အများကြီးက အသံနဲ့ အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ Wreck-It Ralph 2 ရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.4 အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ဇာတ်ကောင် Character တွေ၊ Animation အထူးပြုလုပ်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေအတွက် ချီးကျူုးမှုတွေ အများကြီး ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို Box Office မှာတော့ ရုံတင်မယ့် ပထမ သီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up