ဝါရှင်တန်ဒီစီရှိ ဟိုတယ်တခုပေါ် ရောက်နေသည့် ဘေးမဲ့ရ ကြက်ဆင်နှစ်ကောင် (ရုပ်သံ)
Published By
DVB | 20 November, 2018
944
0
Share
0
Comment
0
Likes
အိမ်ဖြူတော်ရဲ့ ကျေးဇူးတော်နေ့ အထိမ်းအမှတ် ဘေးမဲ့လွှတ်ခွင့်ရထားတဲ့ ကြက်ဆင်နှစ်ကောင်ဟာ နိုဝင်ဘာ ၁၉ ရက်နေ့က ဝါရှင်တန်ဒီစီရှိ ဟိုတယ်တခုမှာ ရောက်ရှိနေပါတယ်။
Peas နဲ့ Carrot လို့ အမည်ပေးထားတဲ့ အဲဒီကြက်ဆင်နှစ်ကောင်ဟာ တောင်ဒါကိုပြည်နယ် ယာတောတခုက ဖြစ်ပါတယ်။ သူတို့ရဲ့ လှပမှုကြောင့် အိမ်ဖြူတော်က အခုလို ဘေးမဲ့ပေးဖို့ ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။
သူတို့နှစ်ကောင်ဟာ ကျေးဇူးတော်နေ့ အခမ်းအနားမတိုင်မီ မြို့တော် ဝါရှင်တန်ဒီစီက Willard InterContinental Hotel ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ကျရင် သမ္မတ ထရမ့်ဟာ အဲဒီကြက်ဆင်နှစ်ကောင်ကို နှစ်စဉ်ပြုလုပ်နေကျအတိုင်း ဘေးမဲ့ပေးမှာ ဖြစ်ပါတယ်။
အဲဒီအခါကျရင်တော့ သူတို့နှစ်ကောင်ဟာ မြို့ပြရဲ့ ဆူညံမှုတွေနဲ့ ဝေးတဲ့ Virginia Tech ဆိုတဲ့ နည်းပညာကျေင်းမှာ တသက်တာ နေထိုင်သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။