အင်္ဂလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် ပေါ်တူဂီတို့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် တက်

နေရှင်းလိဂ်အုပ်စုပွဲစဉ်တွေ အပြီးမှာ အင်္ဂလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ ပေါ်တူဂီတို့ ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ နယ်သာလန်အသင်းက ဂျာမနီနဲ့ ပြင်သစ်ကို ကျော်ဖြတ်ပြီး အုပ်စုပထမရတာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ခဲ့တာပါ။ အင်္ဂလန်ကတော့ နောက်ဆုံးပွဲမှာ ခရိုအေးရှားကို အနိုင်ရခဲ့တာကြောင့် ၆ မှတ်ရထားတဲ့ စပိန်ထက် တမှတ်အသာနဲ့ အုပ်စုပထမနေရာ ရခဲ့တာပါ။ ပေါ်တူဂီကလည်း အီတလီနဲ့ ပိုလန်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်ခဲ့သလို ဆွစ်ဇာလန်ကလည်း ဘယ်လ်ဂျီယံနဲ့ အိုက်စလန်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ အုပ်စုအောက်ဆုံးမှာ ရပ်တည်ခဲ့ကြတဲ့ ဂျာမနီ၊ အိုက်စလန်၊ ပိုလန်နဲ့ ခရိုအေးရှား အသင်းတို့ကတော့ League B ကို တန်းဆင်းခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up