ချီကာဂိုဆေးရုံကို သေနတ်သမားတဦး ပစ်ခတ်၊ လူ ၄ ဦးသေဆုံး

ဓာတ်ပုံ - Reuters
610
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုဆေးရုံမှာ နိုဝင်ဘာ ၁၉ ရက်နေ့က သေနတ်သမားတဦး ပစ်ခတ်မှုကြောင့် သေနတ်သမားနဲ့ ရဲတပ်ဖွဲ့ဝင် အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
သေနတ်သမားဟာ အရင်ဆုံး ဆရာဝန်တဦးကို ပစ်သတ်ပြီးနောက် ဆေးရုံအတွင်း ဝင်ရောက်ခဲ့တာပါ။
အဲဒီနောက် ဆေးရုံအတွင်း သေနတ်သမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင်တဦး ထပ်မံသေဆုံးခဲ့တယ်လို့ ချီကာဂိုရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
အဲဒီနောက် သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ဆေးဝါးဆိုင်ရာဝန်ထမ်း သေဆုံးခဲ့ရပါတယ်။
သေနတ်သမားဟာလည်း သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုဟာ မိမိကိုယ်ကို အဆုံးစီရင်တာလား၊ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုလား ဆိုတာကို ချက်ချင်း မသိရသေးပါဘူး။
သေနတ်သမားဟာ ဆရာဝန်နဲ့ အရင်က စေ့စပ်ထားသူဖြစ်ပြီး သူဟာ လက်စွပ်ကို ပြန်တောင်းခဲ့တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ကနဦး သတ်ဖြတ်မှုဟာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။