Home
မြန်မာသတင်း
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ ပြင်ဆင်ချက် ယူအန်အေအဖွဲ့ ကန့်ကွက်
နန်းမြနဒီ
·
November 20, 2018
မကြာသေးခင်ကမှ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ ပြင်ဆင်ချက်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ)နဲ့  မိတ်ဖက် အဖွဲ့အစည်းပေါင်း ၃၀ ကျော်တို့က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ၂၀၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်တဲ့ဥပဒေနဲ့ မြေသိမ်းဥပဒေကြမ်းတို့ဟာ ပြည်သူတွေဆီက မတရားသိမ်းယူထားတဲ့ မြေတွေ ကို အတည်ပြုပေးရာရောက်ပြီး တိုင်းရင်းသားပြည်သူတွေကို ပိုမိုဒုက္ခများစေတဲ့အတွက်  ကန့်ကွက်ရတာလို့ ယူအန်အေ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။ “လွှတ်တော်ကနေ ထုတ်ပြန်မယ့်ဒီဥပဒေဟာ နိုင်ငံမှာ သိမ်းထားတဲ့မြေတွေကို အတည်ပြု ပေးရာရောက်တယ်။ အကာအကွယ်ပြုရာ ရောက်တယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လည်း တိုင်းရင်းသားနယ်မြေတွေထဲမှာ မြေဧကတွေ သောင်းနဲ့ သိန်းနဲ့ချီပြီးတော့ ပေးထားတဲ့ဟာ တွေလည်း ရှိတယ်။   ဒီဟာတွေဟာလည်း မြန်မာနိုင်ငံရဲ့ ပြဿနာတွေထဲမှာ မြေသိမ်းယာသိမ်း ပြဿနာတွေထဲမှာ အကြီးဆုံးဖြစ်နေတယ်။ ဒီဟာတွေကို တရားဝင်မှုပြုပေးလိုက်သလို ဖြစ်သွားလို့ ရှိရင် ကျနော်တို့ တိုင်းရင်းသား၊ အများပြည်သူတွေဟာ ဒုက္ခပိုများမှာပေါ့နော်၊ အဲဒီဟာကို ကျနော်တို့ အနေနဲ့ အကာအကွယ်ပေးလိုတယ်။  ဒါကြောင့် ဒီဥပဒေကို တားဆီးကန့်ကွက်ရတာဖြစ်တယ်။” ဒီဥပဒေကို ခြွင်းချက်မရှိလုံးဝ အပြီးတိုင် ဖျက်သိမ်းပေးဖို့လည်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ (ယူအန်အေ) နဲ့ မဟာမိတ်အဖွဲ့တွေက နိုဝင်ဘာ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024