A d v e r t i s e m e n t With Us

ရိုးမားကွင်းလယ်လူ ပယ်လီဂရီနီကို ခေါ်ယူရန် မန်ယူ ပြင်ဆင်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရိုးမားကွင်းလယ်လူ ပယ်လီဂရီနီကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၂ နှစ်ရှိ အီတလီလက်ရွေးစင် ပယ်လီဂရီနီအတွက် မန်ယူအသင်းက ပေါင် ၂၆ သန်း ပေးချေမှာဖြစ်ပြီး လုပ်ခကိုလည်း ရိုးမားမှာရတာထက် ၂ ဆပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပယ်လီဂရီနီဟာ အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လျော်ကြေးစာချုပ်လည်း မပါဝင်တာကြောင့် မန်ယူအသင်းအနေနဲ့ ခေါ်ယူဖို့ အခက်တွေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်က ဆက်ဆူအိုလိုအသင်းကနေ ပြောင်းရွှေ့လာတဲ့ ပယ်လီဂရီနီဟာ အခုနှစ် ရာသီမှာ ရိုးမားအတွက် ၁၂ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up