A d v e r t i s e m e n t With Us

ဗီယက်နမ်နှင့် ရုရှား အပြန်အလှန် ကုန်သွယ်ရေး မြှင့်တင်ရန် သဘောတူ

ဓာတ်ပုံ - Reuters
ဗီယက်နမ်နိုင်ငံကို အလည်ရောက်နေတဲ့ ရုရှားဝန်ကြီးချုပ် ဒမစ်ထရီ မက်ဒီဒေ့ဗ်ကို ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဇူယန်ဖူးက မြို့တော် ဟနွိုင်းမှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုပါတယ်။ ၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးကို မနှစ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၅ ဘီလျံဖိုးကနေ ၂၀၂၀ မှာ ၃ ဆတိုးပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံထိ မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ဖို့လည်း သဘောတူပါတယ်။ ဗီယက်နမ်ဟာ ရုရှားဂျုံတွေကို ဝယ်တဲ့ စတုတ္ထအကြီးဆုံး ဖောက်သည်နိုင်ငံ ဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့မှာ စတင်တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်စတည်းက ခုထိ ရုရှားဂျုံတန်ချိန် ၁ ဒသမ ၂ သန်း တင်သွင်းခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up